အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက် နှင့် အချက်အလက်များသည် MMM Auto Parts တွင် စျေးဝယ်သော ဝယ်ယူမှုအားလုံးအတွက် အကျုံးဝင်ပါသည် ။
MMM Auto Parts မှ သတ်မှတ်စျေးနှုန်းများသည် ကုန်သွယ်လုပ်ငန်းခွန် ထည့်ပေါင်းပြီး စျေးနှုန်းများဖြစ်ပါသည်။
မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်ကို အနီးဆုံး ကားဂိတ်များသို့ပို့ဆောင်ပေးလျက်ရှိပြီး ပို့ဆောင်ခစျေးနှုန်းများသည် ပို့ဆောင်ရမည့် မြို့နယ် အနီးအဝေးအလိုက် ကွာခြားမှုရှိပါသည်။
အော်ဒါမှာယူသည့်အခါ ပို့ဆောင်ပေးရမည့် လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို Order Form မှာထည့်သွင်းပေးရပါမည်။
In the event that an item is flawed or damaged upon delivery, please contact us as soon as you receive it quoting receipt number and your reason for returning the item to discuss a return and replacement.
Email - sales@partsmmm.com.mm or
Telephone - 09 253 309 922 / 09 253 309 966
မှာယူပြီး ပစ္စည်း ကို စိတ်ကျေနပ်မှု မရှိ၍ ပြန်လည်လဲလည် လိုပါက ပစ္စည်းလက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်သွယ် အကြောင်းကြားရပါမည်။
Email - sales@partsmmm.com.mm or
Telephone - 09 253 309 922 / 09 253 309 966
လဲလည်မည့်ပစ္စည်းသည် Tag ဖြုတ်ထားခြင်း ၊ ညစ်ပေနေခြင်း ၊ ပါကင် အိတ်များ ပျက်စီးနေခြင်းမရှိဘဲ မူလ အနေအထား အသစ်အတိုင်း ဖြစ်နေရမည်။
ပြန်လည် လဲယူသည့်အခါ ကျသင့်သော Delivery Fee ကို Customer ဘက်မှ ကျခံရမည် ဖြစ်ပါသည် ။
မှာယူထားသော အော်ဒါ ပစ္စည်းများအတွက် ကျသင့်ငွေသည် ဘောက်ချာ တွင်ပါဝင်သော ပမာဏအတိုင်း ဖြစ်ရပါမည် ။MMM Auto Parts မှ ထုတ်ပေးသော ဘောက်ချာပါ စုစုပေါင်းကျသင့်ငွေသည် တန်ဆာခ ၊ပို့ဆောင်ခများ ပါဝင်ဝင်ပြီး ဖြစ်ပါသည် ။
ငွေပေးချေမှုစနစ်သည် ကြိုတင်ငွေပေးချေမှု စနစ်ဖြစ်ပြီး ကုမ္ပဏီ၏ ဘဏ်အကောင့်ထဲသို့ လွှဲပြီးမှ သာမှာယူထားသော ပစ္စည်းကို ပို့ဆောင်ပေးမည် ဖြစ်ပါသည် ။
အော်ဒါလက်ခံပြီးသည့်အခါ မှာယူသည့် Customer ၏အမည် ၊ ပို့ဆောင်ပေးရမည့် လိပ်စာ တို့ကို ဖုန်းဖြင့်ဆက်သွယ်၍ ပြန်လည် အတည်ပြုမည် ဖြစ်ပါသည် ။
ပစ္စည်း လက်ခံသည့်အခါတွင် Delivery From တွင် လက်ခံရရှိပြီးကြောင်းလက်မှတ် ထိုးပေးရမည် ။